Showing posts with label ဘာရယ်မဟုတ်. Show all posts
Showing posts with label ဘာရယ်မဟုတ်. Show all posts

ခွင့်ပြုပါခင်ဗျာ ...

ကျွန်တော် ဘလော့ရေးခြင်းကို နားထားပါဦးမယ်ခင်ဗျာ ...။

တစ်ရေးနိုးပါပြီ ... ...

ဝါးးးးးးးးးးးးးးး ခုမှပဲ တရေးနိုးတော့တယ်လို့ မထင်ပါနဲ့ဗျာ ... ။ မအိပ်ရတာ ၃ ရက်ရှိပါပြီ ...။ ကိုယ့်ဘာသာ တန်းပလိတ်ကို ကလိနေတာပါ ...။ ကလိလိုက် မကြိုက်လိုက်၊ ပြန်ကလိလိုက်နဲ့  ခေါင်းတွေလဲ မူးပြီး ကီးဘုတ်ဖက်ဖက်ပြီး အိပ်ပျော်သွားတာ မနက်လင်းတော့မှ ကသုတ်ကရုတ်လေး ကျောင်းပြေးတက် ပြန်လာရင် ထပ်ကလိလိုက်နဲ့ ဟိုဟာ ဒီဟာလေးတွေလဲ လုပ်ရသေးတယ်ဆိုတော့ ဘလော့ကို ပစ်ထားသလိုဖြစ်သွားတယ် ဟတ် ဟတ်။ ခုတော့ ပြီးသလောက်ရှိသွားပါပြီ။ ထပ်ပြီးတော့လည်း မကလိချင်တော့ဘူးဗျ။ ခေါင်းရှုပ်လို့။ အရောင်တွေလည်း သိပ်နားမလည်တော့ အဆင်မပြေတာရှိရင် ပြောသွားကြပါဦးဗျာ ... ... ... ။ ဆိုက်ဘားမှာ ဟိုဟာထည့် ဒီဟာထည့် မကြိုက်ရင် ပြန်ဖြုတ်နဲ့ နောက်ဆုံးတော့လည်း ဒီအတိုင်းထားတာ ကောင်းပါတယ်ဆိုပြီး ဒုံရင်း ဒုံရင်းဖြစ်သွားရော ... ကော်လံသုံးခု ထည့်ကြည့်တော့လဲ ကိုယ့်ဘာသာ မကြိုက်နဲ့ တော်တော်လေး ပေါက်ကရကလိလိုက်ပါတယ်...။ ခုတော့ ထပ်မကလိတော့ပါဘူးဗျာ ... ... ...။ အဆင်မပြေတာ ရှိရင်လည်း အကြံပေးသွားကြပါဦးနော့ ...။ ကျွန်တော့်ဆီ လာလည်တဲ့ သူငယ်ချင်း အစ်ကို အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ပိုစ့်အသစ်တွေ တင်ပါတော့မယ် ... ... ...။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ... ... ... ။

အခု

တွေးချင်တာတွေ များ
ရေးချင်တာတွေ များ
ဆွေးချင်တာတွေ များ
ကြည့်ချင်တာတွေ များ
လုပ်ချင်တာတွေ များ
---------------------
---------------------
---------------------
ဟိုဟာတွေက များ
ဒီဟာတွေက များ
ငါ့မှာ အချိန်က မအား.....။

အားလုံးပဲ နားလည်ပေးကြပါဗျာ.....

ကျွန်တော် အခုတလော ဘလော့ကို မလော့နိုင်ဖြစ်နေတယ်ဗျာ။ ကျောင်းတွေကလည်း ပြန်တတ်နေရတော့ အချိန်ကိုမရဘူး။ မနက်ဆို ၈း၀၀ အဆောင်ကထွက် ညနေဆို ၇း၀၀ မှအဆောင်ကို ပြန်ရောက်နဲ့ ဘာမှကို မလုပ်နိုင်ဖြစ်နေတာ။ အရင်လို နေ့အိပ် ညပျော်လည်း မလုပ်နိုင်တော့ပါဘူး။ ဘလော့မှာလည်း ပို့စ်အသစ်တွေ မတင်နိုင်ဖြစ်နေတယ်။ ပို့စ်တွေတော့ ရေးပါတယ်။ အချိန်ကိုလုပြီးရေးပါတယ် ဒါပေမယ့် ကျွန်တော့်ကြောင်မလေးက ကျွန်တော်ပို့စ်ရေးနေပြီဆို အရမ်းဆော့တာဗျာ။ ရီစတတ်ခလုပ်ကို ဖိလိုက်၊ ပါဝါကြိုးကို ဖြတ်ပြေးလိုက်နဲ့ ရေးနေတုန်းဆို ဘယ်တော့မှ အပြီးမသတ်ပဲ စက်က ရပ်ရပ်သွားတော့ ပို့စ်တွေ မတင်ဖြစ်တာပါ။ ကျွန်တော့်ကြောင်ကလည်း ကျွန်တော့်လိုပဲ နေ့အိပ် ညပျော်အရမ်းလုပ်တာ။ အခုဆို သူ့ကို အရင်အိပ်အောင်သိပ်နေရတာ အလုပ်တစ်လုပ်လို ဖြစ်နေတာ။ သူလဲ နေ့ဘက်ဆို ကျွန်တော်တို့က ကျောင်းသွားတော့ ပျင်းလို့အိပ်၊ ညဘက်ဆို အရမ်းဆော့ ဘယ်လိုမှကို မနိုင်ဘူးဖြစ်နေပါတယ်။ အဲ ........ဘယ်လိုလုပ် မီးမီးအကြောင်းရောက်သွားလဲ မသိဘူး ( မီးမီးဆိုတာ ကျွန်တော့် ကြောင်မလေး နာမည်ပါ )။ အဲသလို အဲသလိုတွေနဲ့ ကျွန်တော့်ပို့စ်တွေ အသစ်မတင်နိုင်ဖြစ်နေတာပါ။ ကျွန်တော့်ဆီကို လာလည်တဲ့သူတွေ အားလုံးကို အခုတခါထဲ တောင်းပန်ပါတယ်။ ကျွန်တော့်ဘလော့လေးကို ဆက်ပြီးတော့ အသက်သွင်းနေဦးမှာပါ။ ပို့စ် အသစ်အသစ်တွေကိုလည်း ရေးပါဦးမယ်။ကျွန်တော့်ဆီကို လာလည်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ သူငယ်ချင်းတွေဆီလည်း မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ တကယ်လို့များ ကျွန်တော့်ဆီကို ကြုံကြိုက်လို့လာတာပဲ ဖြစ်ဖြစ်၊ သတိရလို့ လာတာပဲ ဖြစ်ဖြစ် ဆီဗုံးမှာတော့ အော်သွားပေးကြပါ။ ကျွန်တော့်အတွက်တော့ သူငယ်ချင်းတွေရဲ့ စကားတွေဟာ အားတွေဖြစ်လို့ပါ။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ဘလော့လေးတွေကိုလဲ အားတာနဲ့ လာခဲ့ပါ့မယ် ခင်ဗျာ။ ကျွန်တော့်ကိုလည်း နားလည်ပေးကြပါလို့ ............။

အစ


ပြောရမယ်ဆိုရင် ဒီဘလော့ဂ်က ဘာမဟုတ်တဲ့ အရည်မရ အဖတ်မရတွေရေးထားတာပါ။
ဟဲ...ဟဲ ကျွန်တော့ဘလော့ဂ်လေ...။