နောက်ဆုံး

နောက်ဆုံး

တသမတ်တည်း စီးဆင်းနေတဲ့
သဘာဝတရားကြီးပါ
ဘယ်သူ့ကိုမှ မရိုက်ချသလို
ဘယ်သူ့ကိုမှလည်း မမြှောက်ပင့်ပါဘူး
လေယူရာ ယိမ်းနိုင်ခဲ့ရင်တောင်
အချိန်တန်တော့လည်း ဒီလောက်ပါပဲ
အဲဒါလေးကိုပဲ ယစ်မူးခဲ့တဲ့
ဟောဒီ တလွဲကောင်က
နောက်ဆုံးတော့ ရင်ဘတ်ဟောင်းလောင်းနဲ့
ကိုယ့်စီရင်ချက် ကိုယ်ချခဲ့တယ် ... ... ...။

22 comments:

စိုးထက် - Soe Htet ! said...

ကိုယ့် ကိုယ်ကို စီရင်ချက် ချတော့ နည်းနည်း သက်သာတာပေါ့ :P

လေးမ said...

တလွဲကောင်ရေ .. စီရင်ချက်က ဘာတဲ့လဲ

ညိမ်းညို said...

သိပ်ကောင်းတယ် (ကဗျာက)
မကျေနပ်ဘူး (မင်းကို)
အကြာကြီးပျောက်နေလို့ :P
ကဲ ဥုံဖွ ဥုံဖွ ဆြာမျှားရေ သိုင်းလောကကထွက်ပီး ကဗျာပြန်ရေးပါဦး အားလုံးအဆင်ပြေပါစေ :)

မောင်မျိုး said...

စီရင်ချက်မှာ ကြောင်ခေါင်းဖြတ်စက် ငှားရန် အဆင်သင့်ဖြစ်ကြောင်း ။

မွန် said...

တလွဲကောင်တဲ့ဟ မမြင်ဖူးဘူး zooမှာလဲ ဘာကောင်ကြီးလဲမတိ

သဇင်ဏီ said...

ရင်ဘတ်ဟောင်းလောင်းနဲ့ ကိုယ့်ကိုကိုယ် စီရင်ချက်ချတယ်ဆိုတော့ ဘယ်လိုမျိုးပါလိမ့်
တွေးစရာဖြစ်သွားတယ် =)

lwansay said...

ဟိတ်ကောင်... အင်း... စဉ်းစာစရာတွေတော့ တိုးလာပြီ... ဘယ်လိုကောင်မျိုးပါလိမ့်... ဟိ ဟိ... နာဘယ်တူလဲချိုတာတိလားကွ...

မင်းကျန်စစ်။ said...

တလွဲကောင်ကြီး နိုးလာပီကိုး။
ကဗျာထဲမှာတောင် ယစ်မူး ဆိုတာက ပါလိုက်သေးတယ်။
လန်တယ် လန်တယ် လက် :P

Heartmuseum said...

မျှားပြာလက်ရာ မတွေ့တာကြာလို့လားမသိ
တပုဒ်လုံးကောင်းတယ်ဗျာ။

တင့်ထူးရွှေ said...

ဘယ်လိုများ စိရင်ချက် ချလိုက်တာပါလိမ့် ချစ်နယ်

ယူဆဂိ said...

လေယူရာ ယိမ်းနိုင်ခဲ့ရင်တောင်
အချိန်တန်တော့လည်း ဒီလောက်ပါပဲ
အဲဒါလေးကိုပဲ ယစ်မူးခဲ့တဲ့
ဟောဒီ တလွဲကောင်က
နောက်ဆုံးတော့ ရင်ဘတ်ဟောင်းလောင်းနဲ့
ကိုယ့်စီရင်ချက် ကိုယ်ချခဲ့တယ် ... ... ...။
ဒါပေမယ့် ..
နည်းနည်းစိတ်သက်သာရာရသွားတယ်..
(ဆက်ရေးပေးလိုက်တာပါ..)

အမရာ said...

ဟုတ်တယ်...အမြဲလွဲတတ်တဲ့
လူတွေကကိုယ်တိုင်စီရင်ချက်ချ
တာဟာအကောင်းဆုံးဘဲ...........

boyz said...

အောက်ဆုံး

တစ်ချက်တည်း တရှိန်တိုး ထိုးကျသွားတဲ့
မြန်မာနိုင်ငံကြီးပါ
ဘယ်သူမှ မရိုက်ချသလို
ဘယ်သူမှလည်း မကယ်ဆယ်ပါဘူး
ကူညီမယ့်သူ ရှိခဲ့ရင်တောင်
အခွင့်အရေးမပေးလို့  လက်လျော့ရတာပဲ
အာဏာရှင်စနစ် ယစ်မူးနေတဲ့
အဲဒီ စစ်အာဏာရှင်တွေလက်က
နောက်ဆုံးတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ 
၎င်းတို့ က ငါ့ကိုစီရင်ချက်ချခဲ့တယ်...
ခုတော့
အင်းစိန်ထောင်ထဲမှာ ကယ်သူမဲ့ခဲ့ပြီပေါ့။

Boyz said...

ဟီးဟီး။ သန်းခေါင်ယံအတွေးအခေါ်များ

wathann said...

နောက်ဆုံး တလွဲကောင်ကချလိုက်တဲ့ စီရင်ချက်က ဘာတဲ့လဲကွ :P

ဝေလေး said...

ကဗျာလေးကြိုက်တယ်...

နောက်ဆုံးတော့ရင်ဘတ်ဟောင်းလောင်းနဲ့
ကိုယ့်စီရင်ချက်ကိုယ်ချခဲ့တယ်......

မိတယ်...:)

မျှားပြာ said...

ဟတ်ဟတ် ကလေးစိတ်တွေ မပျောက်သေးပဲကိုး ...။
ပါးစပ်ကပြောနေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူးဗျာ ..။

khin oo may said...

first part is better than second part of the poem

ကောင်းကင်ကို said...

ကဗျာလာဖတ်သွားတယ် ညီလေးရေ

khin oo may said...

visited

ပီကေ said...

ရင်ဘတ်ဟောင်းလောင်းနဲ့တော့ စီရင်ချက် မချပါဘူး။ အနည်းဆုံး အစာတော့ ၀အောင်ကျွေးသေးတယ်လေ။ နောက်ပြီး နောက်ဆုံး ဆန္ဒတစ်ခုတော့ ပြောခွင့်ရပါသေးတယ်။ ;P

စတာနော်။ ကဗျာလေး တအားမိုက်တယ်။ မခံစားတတ်ပေမယ့် ကြိတ်ခံစားလိုက်တာ အတော်ကောင်းဆိုပဲ။

ရွှန်းမီ said...

ကိုမျှားပြာ . .
လင့်ချိတ်ထားမယ် နော် ..
(နောက်မကျသေးဘူး ထင်ပါတယ်)
:-)