ကျေးဇူးတင်ပါတယ်ဗျာ ...

ကျွန်တော့်ကို အခုလိုတကူးတက ဆုတောင်းပေးကြတဲ့ ညီအစ်ကို မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ..။ သေသေချာချာ ဘာမှမလုပ်ပေးနိုင်တာကိုတော့ နားလည်ပေးစေချင်ပါတယ် ..။ စာမေးပွဲတွေနဲ့ လုံးပန်းနေရလို့ပါ ..။ ကြောင်ကလေးဆီမှာပဲ အ၀အပြဲသုံးဆောင်ကြပါ . :P ။ ကြောင်ကလေးရေ ကျေးဇူးအထူး ဟဲ ဟဲ ..။ အားလုံးပဲ ငြိမ်းချမ်းအောင်မြင် ပျော်ရွှင် အဆင်ပြေပါစေဗျာ ..။

အာဘွားးးးးးးးးးးးးးးးးးး

24 comments:

ein said...

၂ . ၆. ၀၈ မှာကျရောက်တဲ့ ၂၃ နှစ်ပြည့်မွေးနေ့မှ သည် နောင်နှစ်များစွာတိုင် ငြိမ်းချမ်းအောင်မြင် ပျော်ရွှင် အဆင်ပြေပါစေရှင်...း)

honey said...

ဟား ဟား တရက်နောက်ကျတယ်။ သူတော်ကောင်းတွေက တရက်နေ့မွေးတယ်ဗျ သိပ်မကောင်းရင် ၂ရက်နေ့မွေးတယ်ဆိုလား :P

ယနေ့မှ စ နှစ်တရာတိုင် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် (သောက်သောက်စားစား မပါ) နဲ့ ကောင်းကျိုးလိုအင်ဆန္ဒများလည်း ပြည့်ဝပါစေဗျို့

အလိုမကျ ဂျစ်ကန်ကန် ပညာသားပါပါ ပိသလေးဘေးပစ်သော ကဗျာများစာများလည်း ဆက်လက်ရေးသားနိုင်ပါစေ :D

အိပ်နေလို့ပါဗျာဆိုတဲ့ အကြောင်းပြချက်နဲ့ ပို့စ်အသစ်မတင်တဲ့ ဘ၀ကနေလည်း လွတ်မြောက်ပါစေ

ကြောင်မလေးလိုပဲ ချစ်စရာကောင်းသော ဘာညာကုလားပဲလေးများနဲ့ (သီးစုံချက်စားရန်မဟုတ်) ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ

ခင်မင်သော
မဟန်နီ

လေးမ said...

သာဓု..သာဓု...အဲ...ဆောရီးနော်... အောက်ကပို့စ်နဲ့  ရောသွားလို့....။

ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေ
လို့ ဆုတောင်းပေးလိုက်ပါတယ်...။

မျှားပြာရေ... သံယောဇဉ်ပြတ်ပြီပဲပြောပြော... ဘာပဲပြောပြော .. ဘာပဲပြောပြောပေါ့နော်.....

... တစ်မိုးတည်းအောက်က မောင်နှမတွေဆိုတော့ သတိတရ ပြေးလာခဲ့တယ်....

တင့်ထူးရွှေ said...

ဘာမှကို မသိလိုက်ရပါလားနယ် ၊ ကြိုသိရင် ကြိုလာတယ် ဒါပေမယ့် ငါလဲ နပန်းလုံးနေရတယ် ၊ ကိုယ်မလုံးရင် သူကပြန်လုံးမှာဆိုတော့ နယ်ရေ ....
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်အောင်မြင် အဆင်ပြေပါစေ ၊ ကဗျာတွေလဲ ဖတ်ချင်သေးတယ် ၊ သံယောဇဉ်တော့ မပြတ်လိုက်ပါနဲ့ဦး အစ်မလေးမပြောသလို တစ်မိုးအောက်မှာပေါ့ ။

ညိမ်းညို said...

မောင်မျှား မင်းကနာ့ထက် ၄လငယ်တယ်ကွ အဟီး
ဒီနေ့ကစပီး နာ့ကိုပြန်မပြောနဲ့တော့ :P ဘိုတင့်ပြောသလိုပါပဲကွာ ငါတို့လဲ နပန်းလုံးနေရတာဆိုတော့ လူကိုယ်တိုင်မရောက်နိုင်လိုက်ဘူးကွာ ကျောင်းပိတ်မှပဲ စုဗူးခွဲ့ကြတာပေါ့ :) အားလုံးအဆင်ပြေပါစေ သူငယ်ချင်းရေ
ပျော်ရွှင်ချမ်းမြေ့ပါစေဗျားး :) :)

မောင်မျိုး said...

Happy Birthday လာပြီးထပ်ဆုတောင်းပေးသွားတယ် ။ တီလေး ကော့မန့် ကိုသဘောကျတယ် စိတ်တိုစရာပဲ ရှိရှိ အမြင်ကတ်စရာပဲ ရှိရှိ ခင်ခဲ့ဖူးတဲ့ သံယောဇဉ်ကတော့ မပြောင်းလဲဘူး
( တကယ်တော့ သောက်မြင်ကတ်တာ :P )

မှတ်ချက်။ ။ အကြွေးမှတ်ထားတယ် ပဲနို့  ၁၀ ပုလင်းဖိုးး)

ပန်းခရေ said...

ချက်ကြီးရေ..
ကျုပ်ရွာမှာ အလုပ်တွေများနေတာနဲ့ အချိန်မီ မရောက်ဖြစ်ဘူးတော်...
ဒီရောက်တော့ ဘာဆုတောင်းပေးရမလဲ
ဘာပဲဖြစ်ဖြစ် အစစအရာရာ လိုအင်ဆန္ဒအားလုံး ပြည့်စုံပါစေ...
မွေးနေ့မှ စတင်ပြီး...ပျော်ရွှင်မှုအစစ်အမှန်ဖြင့် ဘ၀ခရီးလမ်းကို စိတ်ချမ်းသာစွာ ဖြတ်သန်းနိုင်ပါစေ..........
လို့ပဲဆုတောင်းပေးခဲ့တယ်.

May Moe said...

ကိုမျှားပြာ မွေးနေ့မှစ နောင်နှစ်တစ်ရာတိုင် အေးချမ်းပျော်ရွှင်သော ဘ၀ ရှိပါစေ

အိုင်လွယ်ပန် said...

ကောင်းသောမွေးနေ့ပါကိုများပြာ.............

BLACK DREAM said...

ရေရေလည်လည်လျှိုတယ်ဟေ့..။ မင်းအတိုးရော အရင်းရောတတ်ပြီသာမှတ်..။ မနည်းခြေရာခံပြီးလိုက်လာရတယ်..။ မောင်မျိုးကောင်းမှုကြောင့်သာပေါ့...။ အဲလိုသာမဟုတ်ရင် သိလိုက်မှာတောင်မဟုတ်ဘူး..။ အခုတောင် တစ်ရက်နောက်ကျသွားပြီ...။ မင်းမျှားတွေ ပြာနေသ၍ ငါ့အိပ်မက်တွေနက်နေအုံးမှာပါ သူငယ်ချင်း ရေ...။

soemoe said...

HaPpY bIrtHDAy!!!
well...
have a best birthday EVER!!=D
srry for telling so late..
=D
(hope ur lvl is higher in game)

ကြယ်စင်နတ်သမီး said...

၂၃ နှစ်မြောက်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာထိ အောင်မြင်မှု့တွေရရှိပြီး သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေ...

heartmuseum said...

မျှားပြာရေ... ၂၃ မှသည် ရာသက်ပန် ပျော်ပါစေ။

ရွှေပြည်သူ said...

မွေးနေ့အလှူအတွက် သာဓုခေါ်ပါတယ် မောင်လေးရေ။ ကြားထဲက မောင်မျိုးလေးလဲ ကုသိုလ်တွေ ရသွားမှာပဲ။

honey said...

ငမျှားဇုတ်

ညိမ်းညို said...

ဆြာမျှား ထတော့ကွ !!! ရွာထဲဂျပန်တွေ ၀င်လာပီ :P
ချာမေးပွဲ အောင်အောင်ဖြေ၊ ချာများများရေး၊ အချည်တွေမစားနဲ့ -ျီးပန်းလိမ့်မယ် :D
ကျောင်းတွေပိတ်တော့မယ်ဝေ့ တို့သူငယ်ချင်းတွေ ဘယ်ကျောင်းမှာ အုတ်ခဲပုံကြမလဲ :) :)

မောင်မျိုး said...

စာမေးပွဲသွားဖြေရင် ကြက်ဥပြုတ် စားသွား အဲ့လိုဆို zero မကွဲတော့ဘူးတဲ့ ဟီးးးးးးးးးးးးးးးးးးး :P

chaos said...

happy belated birthday


အများရီးတော့နောက်ကျနေပီ
ဒါပေမယ့် wish လာလုပ်သွားတယ်

စိုးထက် - Soe Htet ! said...

အာ ... ဘွားးးး ....

မုတ်သုန် said...

ဆရာမျှားရေ...
အတော်ကိုနောက်ကျသွားတယ်..
ဆောဒီးဗျ သိလား...
လူကလည်နေတာနဲ့(လက်မလည်ဘူလေး)
အလုပ်ပြောပါတယ် ရှုပ်နေတာနဲ့ ခုမှရောက်တာ..
ဆုတောင်းပေးသွားတယ်ဗျာ...
ဘီယာသက်စေ့သောက်နိုင်သောနေ့ရက်များစွာ..
ပိုင်ဆိုင်ပါစေလို့ ဗျ နော် ...

tuzzaung said...

မရောက်ဖြစ်လို့ အရမ်းကိုနောက်ကျသွားတာ စိတ်တောင်မကောင်းဘူး။
ဒါပေမဲ့ ဆုတောင်းပေးပါတယ် ချက်ကြီးရေ...
ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေ...

Coffee said...
This post has been removed by a blog administrator.
ရွှန်းမီ said...

ခုမှပဲ ရောက်တယ်.. နောက်မကျပါဘူး .. လမှ မကုန်သေးဘဲ .. နော်..
=)
ကိုမျှားပြာ .. ပျော်ရွှင်ပါစေ..

မင်းကျန်စစ်။ said...

ငါသိတောင် မသိလိုက်ဘူး။ အကိုကြီးတွေ ပေါပကွာ။ ငါကတော့ ညီငယ် အနုဆုံးလေး အချောဆုံး အခန့်ဆုံးလေး ဟတ်ဟတ် နာကွ နာကွ