သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်

သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်

ရုရှားနိုင်ငံရောက် မြန်မာကျောင်းသားများထံမှ ကောက်ခံရရှိသော မုန်တိုင်းဒုက္ခသည် အလှူငွေများအနက်မှ ဗုဒ္ဓ ကလျာနယုဝအသင်း (YMBA-MEPhI)မှလက်ခံရရှိသော အလှူငွေ US$2500 အား (ပထမအကြိမ်) အဖြစ် မြန်မာနိုင်ငံရှိ ဒုက္ခသည်များထံသို့ (တိုက်ရိုက်) ပေးပို့လှူဒါန်းရာတွင် ဆက်သွယ်မှု့ အခက်အခဲများကြောင့် အ နည်းငယ် ကြန့်ကြာခဲ့ရာ ရုရှားရောက် မြန်မာ Blogger ကျောင်းသားတစ်ဦး၏ မိဘများထံမှ တစ်ဆင့်ဆက်သွယ် ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။

၎င်းကျောင်းသား မိသားစုမှ လက်ခံရရှိသော (ပထမအကြိမ်) အလှူငွေများနှင့်အတူ အလှူငွေ ကျပ် (၁၀)သိန်း အား ထပ်မံထည့်ဝင်လှူဒါန်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ဦးဇေတ၀န် ကျောင်းတိုက်မှ ကျောင်းထိုင် ဆ ရာတော်ထံသို့ လှူဒါန်းပြီး၊ စေတနာရှင် လူငယ်ဆရာဝန်များ နှင့်အတူ မုန်တိုင်းဒဏ်အား အဆိုးရွားဆုံး ခံစားခဲ့ရ သော ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ အစဲကြီးရွာ၊ ညောင်တနီးရွာနှင့် သိဖက်ရွာ သုံးရွာတို့အား ကာလ တန်ဖိုး စုစုပေါင်း ကျပ်သိန်း (၄၀) ခန့်တန်ဖိုးအားဖြင့် ရှိသော တာလဘတ် အမိုးများ၊ ဆန်၊ ပဲ၊ အ၀တ် အထည်နှင့် ဆေးဝါးများအား ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျောင်းသားများကိုယ်စား (၁၆.၅.၀၈) တွင် ကိုယ်တိုင် ကိုယ်ကျ (တိုက်ရိုက်) သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း မြန်မာပြည်သူပြည်သားအပေါင်း သာဓုအနုမောဓ နာ ခေါ်ဆိုနိုင်ကြစေရန် အသိပေး တင်ပြအပ်ပါသည်။


(ဒုတိယအသုတ်) အနေဖြင့် ထပ်မံလှူဒါန်းနိုင်ရန်အတွက် အစီအစဉ်များကိုလည်း ထပ်မံဆောင်ရွက်ပြီး ဖြစ် ပါသည်။

7 comments:

မောင်မျိုး said...

သာဒု ရာဟု သာဂူပြုတ် (ငါစားချင်တာတွေပြောတာ )
ကိုင်း....ကိုင်းး လူကလေး ဘီယာဖိုး အရက်ဖိုးထဲကနေ ယခု ကဲ့သို့  လှူရတဲ့ အကျိုးရကြောင့် အပယ်လေးပါ တံခါးတွေ သော့ပျောက်လို့  ပိတ်ပါစေ ။
p-s သော့မပျောက်ရင် ဒင်းရုပ်က တစ်ခါတည်း ရောက်ပီးသားဆိုတော့ ;) ။

မွန် said...

သာဓုပါတော် စာဥက သာဓုပါ

HEARTMUSEUM said...

သာဓုပါဗျာ..... ဆထက်ထမ်းပိုး လှူနိုင်ပါစေဗျာ။

ein said...

မွန်မြတ်တဲ့ အလှူဒါနတွက် သာဓုအနုမောဓနာ လာခေါ်ပါတယ်ရှင်...၊သာဓုပါရှင့် သာဓု သာဓု
ဒုတိယအသုတ်တွက်လည်းကြိုတင်ပြီး ၀မ်းသာကြည်နူးပါတယ် အစီစဉ်တွေလည်း အဆင်ပြေချောမွေ့စွာနဲ့ အောင်မြင်ပါစေရှင်...။

အိုင်လွယ်ပန် said...

သာဓုပါဗျာ....သာဓုပါ....

ဟန်သစ်ငြိမ် said...

ကောင်းတယ်ဗျာ။ သာဓု x သုံးကြိမ် ခေါ်သွားပါ၏။

Layma said...

ဆေးလိပ်ဖိုးလေးတွေ လှူလိုက်ပြီပေါ့...။
သာဓုလဲခေါ် ... ၀မ်းလည်းသာ... လေးလည်းလေးစားပါတယ်... ရှရှားရောက် ကျောင်းသားများ။