ဦးမင်းလူ နုတ်ထွက်သွားခြင်း

ဦးမင်းလူ နုတ်ထွက်သွားခြင်း

ယောက်ျားပီသတယ်ဆိုတာ
ကိုယ်နိုင်တဲ့သူကို
ဖိတွယ်တတ်တာဆိုရင် …။
ရိုးသားတယ်ဆိုတာ
သူများ မကောင်းကြောင်းနဲ့
ကိုယ်ကောင်းကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။
ကြိုးစားတယ်ဆိုတာ
ကိုယ့်မိသားစု ကောင်းစားရေး
တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။
ဂုဏ်သရေရှိတယ်ဆိုတာ
သူတစ်ပါးပေါ်
အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့
ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။
မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက
ငါ့နာမည်ဘေးမှာ
`ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး
တဆိတ်လောက်
တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ

ဆရာမင်းလူရဲကဗျာတွေ အကုန်လုံးကို တော်တော်ကြိုက်ပါတယ်။ တော်တော်ကြိုက်တဲ့အထဲမှာ ဒီတစ်ပုဒ်လည်း ပါတယ်ပေါ့ဗျာ ..။ ဆားချက်တယ်လို့လဲ မဟုတ်ပါဘူး..။ ကဗျာအဟောင်းလေးတွေ ပြန်ပြန်ဖတ်ရင်း ခံစားချက်တွေ တိုက်ဆိုင်လာတဲ့အခါ ဘလော့ပေါ်တင်ချင်လာတာရော၊ ဝေမျှခံစားချင်တဲ့သဘောပါ ..။ ဆရာမင်းလူရဲ့ ဦးမင်းလူကောင်းမှု ဆိုတဲ့ကဗျာစာအုပ်လေးများရှိရင် ကျေးဇူးပြုပြီး မျှဝေပေးပါခင်ဗျာ။ ကျွန်တော်အင်တာနက်ပေါ်တက်မွှေဖို့ အချိန်အားနည်းနေလို့ပါ ...။ အကြွေးရှင်တွေလည်း မမေ့ပါဘူးခင်ဗျ ..။ ယူတော့သည်ဖြစ်စေ မယူတော့သည်ဖြစ်စေ ကျွန်တော်ပြန်ဆပ်ပါ့မယ် ...။ အပြင်ကအကြွေးတွေကတော့ ခဏဆိုင်းပါ လောလောဆယ် ဘိုင်ပြတ် ဘတ်ပြိုင်နေလို့ပါ :P ။ အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ ...။

10 comments:

honey said...

အင်း ဆားချက်ဖော်လေးတော့ ရသေးသားပဲ။
thanks anyway

HEARTMUSEUM said...

ကိုမျှားပြာရေ... ဦးမင်းလူရဲ့ ဟာသ၀တ္ထုတွေ ကောရှိရင်တင်ပေးပါလားဗျ။ ဟီး... ဟီး
အချိန်ရရင်ပေါ့ဗျာ.....

မောင်မျိုး said...

ဟဲဟဲ...ပေးရင်တော့ ယူမယ် ချိတ်ကောက်ကြည့်တာ ချော့မယ်သူမရှိတော့ ငါ့ပါသာပဲပြေလိုက်ရတယ် ဟဟ ဆိုးလိုက်တဲ့ ငါ့ဘ၀ စိတ်ဆိုးမှန်းတောင် မသိလိုက်ကြပါလားနော် .........။
အားလုံး ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါတယ်ဗျာ :P

david santos said...

I come to join forces with the village of Burma at this so tragic moment.
I ask God that everything passes as quickly as possible and the Bimãnia and his people survive a calm life and of peace.

tuzzaung said...

ဒါပေါ့လေ..။ ဘာမှမချက်တာနဲ့စာရင် ဆားချက်နိုင်တဲ့သူက သာတာပေါ့။ :P

စိုးထက် - Soe Htet ! said...

ကောင်း၏ ... ကျွန်တော် လည်း ကြိုက်တယ် :P

BLACK DREAM said...

ငါလည်း ဆရာမင်းလူ Crazy ပဲဟ..။ သူကဗျာတွေက ပါးပါးလေးနဲ့ထိတယ်...။ ရိတဲ့သဘောတွေပါတယ်..။ ကဗျာရော စာရောတကယ်ကောင်းတဲ့ လေးစားရတဲ့သူ တစ်ယောက်ပဲ...။ အခုလို မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးပဲ သူငယ်ချင်းရေ :)

Layma said...

မယူတော့ပါဘူးဆို .. အာလူး လာပေးနေပြန်ပြီ …။
ရပါတယ်… မိတ်ဆွေ အရင်းကြီးတွေပဲ .. ဘာမှမဖြစ်ပါဘူး…။ မောင်မျိုးလိုတောင် စိတ်မကောက်ပါဘူး..။

Apprenticeship said...

yawk kyar pi ta ning bar zae byar.. :P

february said...

ကျေးဇူးတင်ါပါတယ်..အိုးပါးရေ...ကျေးဇူးနော်..
ကျွန်တော်လည်း..ဦးမင်းလူပရိတ်သတ်တစ်ယောက်ပါ..
ဦးမောင်ဝဏရယ်..ဦးသုမောင်ရယ်...ဦးမင်းလူရယ်..
ကညီအစ်ကိုတွေလို့ဖတ်ဖူးပါတယ်..မသိတဲ့လူတွေကို..
ပြောပြတာပါ..ဟေးဟေး..အိုးပါးရေ..ကိုရီးယားတွေလူတိုင်းယားနေကြလို့...ခေါ်လိုက်တာပိုါ.
စိတ်မဆိုးနဲ့နော်..အင်းမြင်ယောင်နေမိပါတယ်..
တကယ်ကိုရီးယားဆိုတာကြည့်ရတာနဲ့ကိုအမြင်ကတ်မိတယ်ဗျို့...