စိတ်ညစ်နေတဲ့အခါ …

စိတ်ညစ်နေတဲ့အခါ


စိတ်ညစ်နေတဲ့အခါ
ကျွန်တော့်မျက်နှာကို ပွတ်သပ်ပေးတတ်တဲ့
ချစ်သူရဲ့ လက်ကလေးတွေကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
တစ်ခါတည်း ကိုင်ကြည့်ဖူးတဲ့
ချစ်သူရဲ့ခြေသန်းလေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
အမြဲတမ်းနမ်းခဲ့ရတဲ့
ချစ်သူရဲ့ ဆံပင်ရှည်ရှည်တွေကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
တစ်ခါမှ မနမ်းဖူးတဲ့
ချစ်သူရဲ့ နှုတ်ခမ်းပါးပါးလေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့
ချစ်သူရဲ့ ရင်ငွေ့ နွေးနွေးကို လွမ်းတယ် ...။

စိတ်ညစ်နေတဲ့အခါ
ချစ်သူရဲ့ အစိတ်အပိုင်းအားလုံးကို လွမ်းတယ် ...။

12 comments:

Winkabar said...

ကောင်းလိုက်တဲ့ကဗျာလေး တစ်ပုဒ်ပဲ ကိုမျှားပြာရေ။

တင့်ထူးရွှေ said...

အမ်... အစိတ်အပိုင်းအားလုံး ဆံပင် ၊ နှုတ်ခမ်းပေါ့
လွမ်းနေတယ်ပေါ့ ၊ အဆင်ပြေပါစေ ချစ်နယ် :P

mhaw.sayarma said...

စိတ်ညစ်နေတဲ့အခါ...စိမ်းကားတဲ့ချစ်သူရဲ့ဥပက္ခာအမုန်းတွေကိုလွမ်းတယ်...ကျေးဇူးတင်ပါတယ်အဆင်ပြေပါစေရှင်....

Layma said...

စိတ်ညစ်တဲ့ အချိန်ပဲ လွမ်းတာတဲ့..ကောင်မလေးရေ...ကြားလား...။

lwansay said...

ဟာ ဟ။ ဟဲ ဟဲ
ဒါပဲ။

ကောင်းကင်ကို said...

အစိတ်အပိုင်း အားလုံးကို လွမ်းသတဲ့။ ဟီးဟီး :D

tuzzaung said...

ခြေသန်းများကိုင်ကြည့်ရတယ်လို့။
တို့တော့နားမလည်ဘူးကွယ်။

ငယ်ငယ်လေး said...

တော်သေးတာပေါ့ တခါထဲမို့လို့
မင်းနှယ့်ကွယ် ဘဲ့နှာတုန်း...
:P

နှင်းဆီနီနီ said...

U always make good Poem! Very Impressive.

ein said...

စိတ်ညစ်နေတဲ့ အခါမှာ ....
တိတ်တိတ်လေး သူမသိအောင် သတိရနေလိုက်တယ်လေ...အဲလိုမျိုးက ပိုကောင်းဘူးလားတယ်ရင်းလေးရ...:D

မွန် said...

စိတ်ညစ်လို့ အရက်ကိုသောက်တယ် အရက်သောက်တော့စိတ်ပိုညစ်တယ် ရေရောထားလို့

OkIsU said...

အင် ဘာလို့ခြေသန်းကို ကိုင်ကြည့်တာလည်း ဟီး ဆန်းပါ့ :D