ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို

ရွှေအိုးထမ်းပြန်ခဲ့တော့ ညိမ်းညို

“ယောက်ျားချင်းအချစ်နဲ့ 
ယောက်ျားချင်းအချစ် ရှိခဲ့တယ်ဆိုရင်
အဲဒီ ဗိုင်းရပ်(စ်) ပိုးကို
ငါအရင်တွေ့ရှိ တာပါကွယ်“…….မောင်ချောနွယ်
ညိမ်းညိုရေ…..မင်းဘယ်လိုလဲ
မင်းဘယ်သူဆိုတာထက်
မင်းကဗျာသာ ငါစိတ်ဝင်စားတယ်
မင်းကဗျာထဲမှာသာ
မင်းကို ငါ ရှာဖွေလိုက်ချင်တယ်
ငါ့ ဒိုင်ယာရီ ရဲ့စာတစ်မျက်နှာ
မင်းကဗျာကြောင့် ထွန်းလင်းတောက်ပတယ်
အိပ်မက် တွေနဲ့ ကဗျာဆရာ
ငါ့ကိုငါ ခေါ်ဖို့ မရဲပေမယ့်
မင်းကိုငါ ခေါ်ရဲဖူးချင်တယ်
ငါတို့ တရားမဟောဘူး
ငါတို့ လမ်းမပြဘူး
ခံစားမှု တွေကိုသာငါတို့ လှုပ်နှိုးတယ်
မေတ္တာတရားကို မြတ်နိုးတယ်
ဒဏ်ရာအနာတရ တွေကိုသာ
ချင်ခြင်းတပ်စွာ လိုက်ရှာတယ်
လောကကြီးနဲ့ စိတ်ဆိုးစိတ်ကောက်တယ်
ဖန်တစ်ရာတေအောင် ရန်ဖြစ်လည်း
ငါတို့ ပြန်ပြန်ချစ်တယ်
ကဗျာဆရာ ရဲ့မဟာတာဝန်ဟာဒါပဲ
ဒီလောက်ပဲပေါ့ကွာ
“ကဗျာဆရာသေရင်
ကဗျာနဲ့ သရဏဂုံ တင်ရတယ်“…..မောင်ချောနွယ်
ညိမ်းညိုရေ
မင်းမသေဘဲ
မင်းကဗျာတွေမသေလိုက်ပါနဲ့
ကဗျာကို ယုံတာစုံလုံးမကန်းပါဘူး
ငါ သေရင် သရဏဂုံ တင်ဖို့
ကဗျာတွေ ထမ်းပြီး ပြန်ခဲ့တော့…..ညိမ်းညို ။ ။

ညီသူငယ်ချင်း မျှားပြာ နှင့် ညိမ်းညို သို့ 


ညိုထက်ညို ( ၂၃၊၀၁၊၀၈ )

ကိုညိုထက်ညိုရဲ့ ကဗျာလေးပါဗျာ အစ်ကိုရေ ကျေးဇူးတင်ပါတယ်။ အဆင်ပြေပါစေဗျာ။

6 comments:

စိုးထက် - Soe Htet ! said...

လာဖတ်သွားပါတယ် .. ကဗျာဆာတွေရေ .. ပြန်လာခဲ့ ကြ ဦးပေါ့ :P

မွန် said...
This post has been removed by the author.
မွန် said...
This post has been removed by the author.
မွန် said...

ကိုညိုထက်ညိုဆီမှာ ဖတ်ပြီးပြီ
ကဗျာလေးက ကောင်းသလေက် ကဗျဲာက ကဗျာဆရာတွေ ပြန်လာဖို့ပဲ လိုတယ်နော်
တကယ်တော့ ကိုညိမ်းညိုက ပြန်ခေါ်ဖို့လိုမယ်မထင်ဘူး
ကျန်တဲ့တစ်ယောက်ပဲ

winn said...

ကိုညိုထက်ညို...မှပြန်ခေါ်နေပါ၏...
ဒုတိယကြိမ် ပြန်လည်၍ ထပ်ဆင့်ခေါ်နေကြပီနော...
တယ်ရင်းရေ...
အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံးစီးပီး ပြန်လာခဲ့ လိုက်တော့လေဟ...နင်ကလည်း...:)

tuzzaung said...

ညိုထက်ညိုက ရွှေအိုးထမ်းပြီးပြန်ခဲ့ပါ ဆိုတာကိုညိမ်းညိုက ကိုယ့်ကိုယ်ကိုထမ်းပြန်လာသတဲ့။ ချက်ကြီးက ရေထမ်းပြီးသာ ပြန်ခဲ့တော့။ :D

သိမ်းထားတဲ့ ရွှေအိုးတွေ ထုတ်တော့လေ။ သူများရွှေအိုးတွေနဲ့ချည်း ဆားချက်မနေနဲ့။