ဤခရီးနီးသလား

လူတကာကိုအဆင်ပြေစေချင်တဲ့ မင်းရင်ဘတ်ထဲ
လေပူတွေ ဝေ့နေဆဲလား
ဘာတွေကို မင်းငတ်မွတ်ခဲ့တာလဲ
ဘယ်တော့များ မင်းလမ်းတွေဖြောင့်လိမ့်မလဲ
ငါဆုတောင်းပေးတယ် မျှားပြာရေ
မုန်တိုင်းဆဲရင်တော့ လေပြေလာလိမ့်မှာပေါ့
ခံနိုင်ရည်တွေကတော့ မင်းရဲ့နောက်ဆုံးခံတပ်ထဲ
စိန်ခေါ်ပွဲတွေ အဆက်မပြတ်စွာနဲ့တရစပ်
မင်းလမ်းတွေ ဖြောင့်နေဖို့
မင်းအရိပ်တွေ မင်းအပေါ် ...။

အမှန်တရားကို မြတ်နိုးတဲ့မင်း
ထစ်ခနဲရှိ ပေါက်ကွဲလိုက်ရမှ
မတရားတာတွေ့ ရင် ငြိမ်မနေတတ်တဲ့စိတ်
အခုတော့ တိတ်တိတ်လေးပုန်းနေကြပြီနော်
ဆိုးတယ်၊မိုက်တယ်ဆိုတာ
မင်းရဲ့ခဏတာထွက်ပေါက် မဟုတ်မှန်းသိတော့
အခုသည်းခံစိတ်တွေ မွေးနေပြန်ရောပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မင်းရွေးချယ်မှုကို
နောင်တမရစေလိုတော့ဘူး
စိတ်ကောင်းရှိတဲ့ မင်းအတွက်
မေတ္တာဆိုတာ အလျား၊အနံမရှိပေမယ့်
အသွားအပြန်ရှိတယ်ဆိုတာ ...။

သွားပါ သူငယ်ချင်း
အတောင်ညောင်းလာရင် ခဏနားလိုက်ပါ
အလျော်အစားတွေများတဲ့ ဘ၀ထဲမှာ
မင်းလျှော်ဖွတ်စရာတွေ ထည့်ပေးလိုက်
နောက်ဆုံးလက်ကျန်သွေးတစ်စက်ထိ
အပြာရောင်မျှားတစ်စင်း ကောင်းကင်မှာလင်းလက်နေမယ်လို့
မနေ့ကမနက် နေအထွက်မှာ
မင်းရင်ဘတ်လေးက ငါ့ကိုပြောခဲ့သေးတယ် ...။

အရှုံးပေးလို့မကောင်းတဲ့အရာထဲမှာ ဘ၀ဆိုတာ
ထိပ်ဆုံးကပါတယ်ဆိုတာ လက်ခံတယ်ဆိုရင်
မင်းအခု ကောင်းကင်ကိုမော့ကြည့်လိုက်
အသက်ကို ဖြေးဖြေးခြင်းရှိုက်
လေပြေတွေ မင်းကိုတိုက်ခတ်လာလိမ့်မယ်
မင်းစိတ်ထဲရှိသလောက် ရင်ဘတ်ထိရောက်အောင်
အဲဒီလေတွေကို နမ်းရှိုက်လိုက်
ပြီးတော့ ... .... ....
မင်းရယ်သံတွေ ငါကြားရလောက်တဲ့အထိ
ဟားတိုက်လိုက်စမ်းကွာ ... ... ... ။

တင့်ထူးရွှေ

10 comments:

မွန် said...

အရှုံးပေးလို့မကောင်းတဲ့ အရာထဲမှာ
ဘဝကထိပ်ဆုံးကပါတယ်
အဲဒီဒိုင်ကိုခိုက်တယ်
ထစ်ကနဲရှိရင် ဟိုဟာတော့မလုပ်နဲ့နော် ဟီး
လိမ္မာတော့ ဦးမျှားပြာရေ

မောင်မျိုး said...

ဘလော့လောကကို ပြန်ဝင်လာတဲ့ ချစ်သူငယ်ချင်းကြီးကို ဆုံးမတဲ့ ကဗျာလေးရေးပေးတဲ့ ကိုရွှေတင့်ကို ကျေးဇူးတင်ပါတယ.်ဗျာ....
မျှားပြာရေ့ ပို့ စ်တွေတင်တော့နော် အရင်လို ပျော်ပျော်ရွှင်ရွှင်နဲ့  ပြန်ရေးနိုင်ပါစေ သယ်ရင်းရေ့

tuzzaung said...

သြော် ကိုရွှေတင့်ရဲ့ဆုံးမစာနဲ့မှ ချက်ကြီးပြန်ပေါ်လာတော့တယ်။ နောက်တစ်ခါဆို ကဗျာနဲ့မဆုံးမနဲ့တော့ ချက်ကြီးကိုတံမြတ်စည်းနဲ့သာ ဆော်ထည့်လိုက်။ သူ့ငိုသံငါတို့ကြားရအောင်လို့။

ein said...

ငမျှားချိတ်..ရ၊ ကပေါင်းဟ ကပေါင်း...ပြန်ဖွင့်ပီပေါ့နေားးးးးးးးးးး။
ကိုတင့်ထူးရွှေကို လဲ ကျေးဇူးတင်ပါ၏...၊
အမှန်တရားကို မြတ်နိုးတတ်တဲ့သယ်ရင်းလေး ငမျှားချိတ်တွက် ဒီခရီးနီးနီးလေးပါလို့နော်ဟဟ..:P

hnin said...

အားပါးတရ ဖတ်သွားပါတယ်။ ဤခရီး မနီးပါဘူး။ အဲဒီလိုပဲ အလှမ်းလည်း မဝေးပါဘူး။ ပျော်ရွှင်ပါစေ။

အေးချမ်းသူ

mhaw.sayarma said...

hello..i wanna hear ur laughing voice.why u block ur blog..?? I hope u will be ok in everything. :)

Saung Yune La (aka) Way said...

အမှန်တရားကို မြတ်နိုးတဲ့မင်း
ထစ်ခနဲရှိ ပေါက်ကွဲလိုက်ရမှ
မတရားတာတွေ့ ရင် ငြိမ်မနေတတ်တဲ့စိတ်
အခုတော့ တိတ်တိတ်လေးပုန်းနေကြပြီနော်
ဆိုးတယ်၊မိုက်တယ်ဆိုတာ
မင်းရဲ့ခဏတာထွက်ပေါက် မဟုတ်မှန်းသိတော့
အခုသည်းခံစိတ်တွေ မွေးနေပြန်ရောပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မင်းရွေးချယ်မှုကို
နောင်တမရစေလိုတော့ဘူး
စိတ်ကောင်းရှိတဲ့ မင်းအတွက်
မေတ္တာဆိုတာ အလျား၊အနံမရှိပေမယ့်
အသွားအပြန်ရှိတယ်ဆိုတာ ...
ဒီလိုစိတ်မျိုးမွေးနိုင်တာကိုချီးကျူးပါတယ်ဗျာ..
အရာရာအဆင်ပြေပါစေ

သဇင်ဏီ said...

ကောင်းမှကောင်းကို .. :)

Layma said...

ခရီးနီးဘူး..နည်းနည်းဝေးတယ်...သူငယ်ချင်းတွေ တပျော်တပါး သောက်ကြစားကြ..ဟုတ်ပါဝူး..ကဗျာစပ်ကြပါဦးလား..။

lwansay said...

အေးကွ။ မင်းကတော့ မပြောချင်ဘူးနော်။ ဒါပဲ။