ညီအစ်ကိုတွေရဲ့ ဒီဇင်ဘာ (၃၁)

ညီအစ်ကိုတွေရဲ့ ဒီဇင်ဘာ (၃၁)


ဒီနေ့ ...

တို့ညီအကိုတတွေ ပျော်ဖို့ကောင်းလိုက်တာ

လောကကြီးတစ်ခုလုံး လှပလို့..

လျှပ်ပန်းလျှပ်နွယ်တွေ

ရွီး..ဖောက် ဆိုတဲ့ အသံတွေ

တစ်လက်လက် အလင်းဝတ်မှုံတွေနဲ့အတူ

ငါတို့တွေ ကြိုဆိုနေမိရဲ့

ရင်ဆိုင်တွေ့ရမဲ့ အနာဂတ်ကို

လက်ဖျောက်တီးကြိုဆိုနေကြတာ ကြည်နူးစရာအတိပါပဲ

ငါတို့ ရှူသွင်းလိုက်တဲ့ အငွေ့အသက်တိုင်း

ငါတို့ ပြောနေတဲ့ အကြောင်းအရာတိုင်း

ငါတို့ကြားနေတဲ့ ဘာသာဗေဒတိုင်း

အနာဂတ်တွေ အပြည့်နဲ့

ဒီဇင်ဘာ ၃၁ ကို ထွန်းညှိလိုက်ပြီ

မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို

ဘာတွေနဲ့ ခြစ်ထုတ်ကြမလဲ

ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက်

ပျော်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ်

နွမ်းညစ်တဲ့အတွေးနုပ်တွေကို

ငါတို့နှုတ်ဆက်အနမ်းတစ်ချက် ပေးထားခဲ့ပြီးပြီပဲ

ဒုက္ခတွေနဲ့ လုံးထွေးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုတွေကို

ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့

ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ....

အငြိုးအာဃာတတွေ အတ္တအမုန်းတွေကို

စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့

နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့

ဆေးကြောလိုက်ကြမယ်

တို့တစ်တွေ

အနာဂတ်ကို ပျော်ရွှင်စွာ

မျှော်လင့်ကြပါစို့...


တင့်ထူးရွှေ + ဖြိုးငယ် + ညိမ်းညို+ လွမ်းစေ




အားလုံးသော အစ်ကိုတွေ၊ အစ်မတွေနဲ့ သူငယ်ချင်းတွေ အားလုံး မင်္ဂလာနှစ်သစ်ပါဗျာ။ ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေကို လိုက်လံမနှုတ်ဆက်နိုင်လို့ အားလုံးကို ဒီကပဲ နှုတ်ဆက်ပါတယ်ဗျာ။ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေသော နှစ်သစ်ဖြစ်ပါစေဗျာ။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ကဗျာလေးနဲ့ပဲ နှစ်သစ်မှာ အားလုံးကို နှုတ်ခွန်းဆက်လိုက်ပါတယ်။

6 comments:

einlay said...

မင်္ဂလာနှစ်သစ်၂၀၀၈ ဖြစ်ပါစေနော့..........:)
မျှော်လင့်ချက်တွေ လင်းလက်နေတဲ့ မနက်ဖြန်ကို ဘာတွေနဲ့ ခြစ်ထုတ်ကြမလဲ ရင်ခုန်သံတိုင်းကို စာလုံးထွင်းပစ်လိုက် ပျော်ရွှင်ဖွယ် နေ့သစ်တွေ ရောက်လာလိမ့်မယ် နွမ်းညစ်တဲ့အတွေးနုပ်တွေကို ငါတို့နှုတ်ဆက်အနမ်းတစ်ချက် ပေးထားခဲ့ပြီးပြီပဲ ဒုက္ခတွေနဲ့ လုံးထွေးသတ်ပုတ်နေတဲ့ ဘ၀ချိုချိုတွေကို ကောင်းကင်ရဲ့ အလင်းသစ်တွေနဲ့ ခွန်းဆိုလက်ဆွဲနှုတ်ဆက်ရင်း ကြိုဆိုနေမိပြီ ၂၀၀၈ ရေ.... အငြိုးအာဃာတတွေ အတ္တအမုန်းတွေကို စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့ နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့ ဆေးကြောလိုက်ကြမယ် တို့တစ်တွေ အနာဂတ်ကို ပျော်ရွှင်စွာ မျှော်လင့်ကြတာပေါ့ဟ...။
နယးရီးယားညမှာတော် တော် ပျော်ခဲ့ လိုက်တယ်ဟုတ်
..........:)

tu tu said...

ချက်ကြီးတို့ညီအစ်ကိုတစ်တွေလည်း ငြိမ်းချမ်း၊အောင်မြင်၊ပျော်ရွှင်၊အဆင်ပြေကြပါစေ...။

မွန် said...

ငြိမ်းချမ်းအောင်မြင် ပျော်ရွှင်အတင်ပြေပါစေ
ညီအကိုများ ခဏခဏဆုံနိုင်ပါစေ
ကိုမျှားပြာလည်း များများရစ်နိုင်ပါစေ
စွန်လွှတ်ရင် ပြောတာပါ
တစ်မျိုးမတွေးပါနဲ့

တင့်ထူးရွှေ said...

ဟားဟား ၊ နောက်လား စုံဖို့ မလွယ်ဘူး

လေးမ said...

အငြိုးအာဃာတတွေ အတ္တအမုန်းတွေကို

စစ်မှန်သောအပြုံးချိုတွေ ဖြန့်ခင်းလို့

နွေးထွေးနေမဲ့ ချစ်စရာ နေ့သစ်များနဲ့

ဆေးကြောလိုက်ကြမယ်
....................
အဲဒါ...ဂယ်ပြောတာလားဟင်...ဂယ်လားဟင်...။

Ei said...

အလည်လာကဗျာဖတ်ပါတယ်။
နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပါစေ