ဘ၀သံသရာ

တစ်နေ့လုံး ညစ်တစ်တစ်ဖြစ်နေတာနဲ့ ဂစ်တာထိုင်တီးနေတာ အဆင်မပြေပါဘူး။ သီချင်းတွေကို လိုက်ဖွလိုက်တာ ဆရာကြီး ဦးသုခရဲ့ ဘ၀သံသရာ သီချင်းကို သွားတွေ့ လို့ နားထောင်လိုက်တာ အင်း အခုတလောဖြစ်နေတာတွေကို တရားသဘောလေးနဲ့  ဆင်ခြင်လိုက်တော့လဲ .........။ ဘာရယ်မဟုတ်ပါဘူး လျှောက်စဉ်းစားကြည့်တာပါ။ စိတ်ညစ်နေရင် နားထောင်ကြည့်ပါလား...။ တစ်ခုခုတော့ ရင်ထဲမှာ ကျန်ခဲ့မယ်ထင်လို့ ။ တွေးစရာလေးတွေလဲ ရသွားတာပေါ့....။
ဒါနဲ့ စကားမစပ်ဗျာ ချစ်သူတွေလဲ စိတ်ဆိုးကုန်ကြပြီ .......။

ဘ၀သံသရာ_ဦးသုခ

ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ဘ၀ သံသရာတဲ့ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ

လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စရာ သင်္ခါရာ
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကံမ္မသကာ

သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ

တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ၀မ်းနည်းဝမ်းသာ ၀ပ္တံသာ
ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ
သြော် ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ

ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
(ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိကအစ
မရဏအထိ အဲဒီကာလကလေးလို့ သိကြရပါတယ်
အဲဒီဘ၀ဟာ တစ်ဘ၀တည်းနဲ့ ပြီးသွားကြမလား
ဘ၀ပေါင်းများစွာ ရွေလျားနေရတဲ့အတွက်
သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်
အဲဒီလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ်
ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်
ဗြမ္မပြည် တ၀န်းဝန်း ၀ဋ်လကျင်း တရှုံ့ ရှုံ့ 
ကံမ္မဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက)
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
( အဲသလို သံသရာမဆုံးမချင်း သွားကြရတာက
ဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့်လိုက်တော့ )
သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
(အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာဆိုတဲ့အတိုင်း
စုံလုံးကန်းတဲ့ အ၀ိဇ္ဇာကြောင့်
သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ
ဒါကို ဘ၀တိုင်း ဘ၀တိုင်း
ကောင်းတာလေးတွေ တွေ့ တော့ ပျော်လိုက်ကြ
မျူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ
ဒုက္ခဆင်းရဲတွေ့ တော့ ငိုလိုက်ကြ
ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက်ကြ
ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူး
တွေ့ တယ် ကြုံတယ် ဆုံတယ် ကွဲတယ်
ဝမ်းနည်းဝမ်းသာ ၀ိပံ္ပလာသတရားတွေမို့ 
ဖြစ်ချင်တာလည်း ဖြစ်ချင်မှ ဖြစ်ကြမယ်
မဖြစ်ချင်ပါဘူးဆိုလဲလည်း မဖြစ်ချင်လည်း ဖြစ်ကြရမယ်
အဲဒီလို တေးဘူမက္က ၀ဋ်ဒုက္ခဆိုတဲ့
၃၁ ဘုံက လွတ်ကင်းအောင် ဇွတ်အတင်းထွက်နိုင်ကြဖို့ ကလဲ
သန်းခေါင်လကွယ် တောအုပ်အလယ်
လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ်
ကရွတ်ပေါ် ကင်းများရှောက်သလို
ဝိုင်းကြီးပတ်လည် ဘ၀မဆုံးပဲနဲ့ 
ဒုက္ခစုံညီ ရင်ဝယ်ပိုက်နေကြရတဲ့အတွက်
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတွေ
ရင်ဝယ်ပိုက်နိုင်အောင် ကြိုးစားကြဖို့ )
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ....။ ။

ဒီစာသားလေးတွေတော့ သဘောကြတယ်

"ခေါင်းဆောင်မလား ခေါင်းဆောင်ပါ
နောက်လိုက်လုပ်မလား လုပ်ပါ
ဒါမှမဟုတ်ရင် လမ်းဖယ်ပေးလိုက်ပါ။"

အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ခေါင်းဆောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဦးစီး ဦးဆောင် မလုပ်နိုင်လို့ရှိရင်တော့ ခေါင်းဆောင်သူရဲ့ အရည်အချင်းကို ကြည့်ပြီးနောက်လိုက်လုပ်သင့်လည်း လုပ်ရမှာပေါ့။ ခေါင်းဆောင်လဲ မလုပ်နိုင်ဘူး၊ နောက်လိုက်လဲ မလုပ်ချင်ဘူးဆိုရင်တော့ တပါးသူအတွက် အနှောင့်အယှက်မဖြစ်အောင်လမ်းဖယ်ပေးထားတာ ကောင်းပါတယ်။

"ဘာမှမလုပ်သောသူ အိပ်ရေးဝတယ်။"

ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဆိုရင်တော့ အိပ်နေတာ ကောင်းပါတယ်။ အိပ်စက်ခြင်းဟာ ကမ္ဘာပေါ်မှာ ငွေကြေးကုန်ကြမှု အနည်းဆုံးနဲ့  အကောင်းဆုံးအပန်းဖြေခြင်းတစ်ခုလို့တော့ ပြောကြတယ်။ ဒါမှမဟုတ်ပဲ ဘယ်အရာကိုမှ အကျိုးမရှိတဲ့ အလုပ်မျိုးတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်တော့မှ အိပ်ရေးဝမှာ မဟုတ်ဘူး။

"အထွဋ်အထိပ်၌ နေရာလွတ်များစွာရှိ၏၊ ထိုင်စရာနေရာကား မရှိပါချေ။"

အောင်မြင်မှုအတွက် အမြဲတမ်းတွေးတော ကြံဆ တီထွင် လုပ်ကိုင်နေရမယ်။ အောင်မြင်ဖို့ဆိုတာ မခက်ခဲပေမယ့် ရေရှည်အောင်မြင်မှုအတွက်တော့ ကြိုးစားနေရမယ်။

မဟာဥာဏ်တော်ကြီးဖြင့် စတွန့်ခြင်းသာ ဖြစ်ပါသည်။ ၀င်ပြီးတော့ စတွန့်သွားကြပါကုန် .... ။

ပုံ
မဟာက၀ိ ပညာရှိ ဘာညာသာရကာ နေကြာကွာစိ တောင်ကြီးပဲလှော် ချိုချဉ် မရမ်းပြား ဆြာမျှားပြာ

Tag လိုက်ကြစို့ 

ကိုရန်က Tag တော့လည်း ကျွန်တော်ကရေးရတော့မှာပေါ့...။ ရေးချင်တာကလည်း လက်ကိုယားနေတာပဲ။ တကယ်လဲ ရေးမယ်ဆိုတော့ ဘာကိုရွေးရမှန်းကို မသိတော့ဘူး။ ကျွန်တော့ရဲ့ ကဗျာလေးတွေကိုပဲ ရွေးလိုက်ပါတယ် ။

( ၁ ) ရင်ဘတ်ထဲမှာ
( ၂ )
( ၃ ) သိမ်မွေ့ စေသော
( ၄ ) မင်းရှိရာ
( ၅ ) တစ်မိုးတည်းအောက်

ကိုရန်ရေ ရေးပြီးပါပြီ...။ ဒါနဲ့ စကားမစပ် မြန်မာ ရှုံးတယ်ဗျာ ....း( ။

....ဆီသို့ 

ဟိုးအဝေးမှာ...
သူတို့တွေ
သီချင်းဆိုနေကြတယ်။


ဟိုးအဝေးမှာ..
သူတို့တွေ
ပြုံးနေကြတယ်။


ဟိုးအဝေးမှာ...
သူတို့တွေ
အိမ်မက်လှလှ မက်နေကြတယ်။

ဟိုးအဝေးမှာ...
သူတို့တွေ
.....................။


ငါရောက်အောင်သွားမယ်
သွားမယ်
ငါ ...............။ ။

တစ်မိုးတည်းအောက် တစ်လမ်းတည်းလျှောက်

သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။

အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။

မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။

အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။

တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။

ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။

ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် …
လူကြမ်းမင်းသား မျက်ရည်ကျလို့ လဲရပါတယ်….
အရေးကြီးတာက မင်းပေးမယ့် အနုပညာပါပဲ …..။ ။

လေးမ

ဒီကဗျာလေးက ကျွန်တော့်အတွက် ကွန့်မန့်မှာ လေးမ ရေးပေးခဲ့ ကဗျာလေးပါ ....။ ကျွန်တော်ကြိုက်လို့ လေးမကို ခွင့်တောင်းပြီး ကျွန်တော့်ဘလော့မှာ ပြန်တင်ထားတာပါ..။ ။

တစ်မိုးတည်းအောက်

မင်းတို့တွေ ပြောနေကြတယ်

မင်းတို့တွေ ပြောနေကြတယ်......

မင်းတို့တွေနဲ့ ငါတို့အသက်မွေးမှုမတူတာနဲ့

ငါတို့တွေဟာ အရိုင်းအစိုင်းဖြစ်သွားပြီလား....။



ငါတို့တွေလည်း ဒီမြေမှာမွေး

ဒီရေကိုသောက် ဒီမြေမှာကြီးလာတာ...

ငါတို့ ရင်ထဲမှာ မင်းတို့တွေလို

အရာရာကို ကောင်းစေချင်တဲ့စိတ်တွေ

မရှိကြတော့ဘူးလို့ မင်းတို့ ထင်နေသလား...။



ငါတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ

ခါးသီးမှုတွေကို အရွယ်နဲ့မမျှအောင်ခံစား

နာကြည်းမှုတွေကို ရင်မှာမြိုသိပ်

အိပ်မရတဲ့ညတွေ ဘယ်လောက်များခဲ့တယ်ဆိုတာ

မင်းတို့တွေ သိကြရဲ့လား....။



မင်းတို့တွေ ပြောနေကြတဲ့

ကံ့ကော်တောရဲ့ စိမ်းလန်းခြင်းတွေ

အင်းယားမြေရဲ့ ချစ်စရာကောင်းတဲ့ ရယ်သံတွေ

လူငယ်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ

လွတ်လပ်ခြင်းတွေ အိမ်မက်တွေ

ငါတို့ရဲ့ ကောင်းကင်မှာ ပျောက်ဆုံးခဲ့တာ

ငါတို့ဘ၀ သာယာခဲ့တယ်လို့  မင်းတို့ ထင်ကြသလား...။



အခြေအနေ အကြောင်းကြောင်းကြောင့်

ဘ၀ရပ်တည်မှုခြင်းမတူတာနဲ့

ငါတို့ရဲ့ စိတ်ဓါတ်တွေ၊ အပြုအမူတွေဟာ

အောက်တန်းစားတွေရဲ့ လုပ်ရပ်တွေပါလို့

မျက်စိတွေမှိတ် နားတွေပိတ်ပြီး

မင်းတို့တွေ ဇွတ်အတင်း အော်နေကြတော့မှာလား...။



လက်တစ်ဆုပ်စာ လူတစ်စုရဲ့ လုပ်ရပ်တွေနဲ့

လိုချင်တပ်မက် ပျော်ရွှင်နေကြတာကို

မင်းတို့တွေ မြင်နေ၊ သိနေတာနဲ့

ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်း

ငါတို့ရဲ့ စိတ်ဓါတ်တွေကို အရောင်တွေဆိုးကြတော့မှာလား....။



လောကကြီးရဲ့ သဘာဝတွေကို

မသင်ယူ မတတ်မြောက်ခဲ့တာခြင်းအတူတူ

ငါတို့ရဲ့ မဖြစ်စလောက်အတွေးတွေကို

ကမ္ဘာတစ်ဖက်မှာ မြေမြုပ်ထားခဲ့ပြီး

အနာဂါတ်ဆီကို တွဲလက်တွေနဲ့ လျှောက်လှမ်းကြရအောင်

လာ ..... မဝေးပါဘူး သူငယ်ချင်း......။

မြန်မာ ထမင်း၊ ဟင်း

စားရသောက်ရတာလည်း အဆင်မပြေ၊ လျှော်ရ ဖွတ်ရနဲ့ .... သြော် ငါ့ဘ၀ ငါ့ဘ၀ မိန်းမလေးတစ်ယောက်တော့ အမြန်ယူဦးမှ ...ဟဲ ဟဲ။ ခေါက်ဆွဲခြောက်တလှည့် ကြက်ဥ တလှည့် ဖြစ်သလိုစား၊ဗိုက်ဆာရင်စား၊ ခန္ဓာကိုယ်ကြီးက အချက်ပေးရင် စား၊ ဘာမှလဲ ဖွယ်ဖွယ်ရာရာ မရှိ။ အဖြစ်ရှိအောင်လည်း မချက်တတ် လူတတ်ကြီးလုပ်ပြီး ချက်နည်းပြုတ်နည်းစာအုပ်ကိုကြည့် ဟိုဟာထည့် ဒီဟာထည့် တခါမှလည်း မကောင်း။ ဒါကိုပဲ ကျိတ်မှိတ်ပြီး မြိုချ ရေနဲ့ မျောချ..... အင်း ကောင်းပ ကောင်းပ။အရသာ လျှာကသိသည် တဲ့ အင်း တနေ့တနေ့ ရယ်ဒီမိတ်တွေနဲ့ နှစ်ပါးသွားနေရတဲ့ ကိုယ့်လျှာလေးကိုတောင် သနားမိတယ်..။ သူငယ်ချင်းတွေနဲ့ ချက်ပြုတ်စားရင်လည်း ကောင်းကောင်းကန်းကန်းနဲ့ ချက်တတ်တဲ့သူကမရှိ ... ထုံးစံအတိုင်း ခေါက်ဆွဲကာလသားချက် ကြက်သားကာလသားချက်မဟုတ်ပါ...။( ခေါက်ဆွဲခြောက်ထုပ်သုံးထုပ်လောက်ကို ရေထဲပစ်ထည့် အစိမ်းရော အကြတ်ရော စားလို့ရတာ အကုန်လုံးထည့် နူးရင်ချ တန်ဆေး လွန်ကောင်း ) အဲသလို အဲသလို ချက်ပြုတ် စားသောက်နေရသော ကျွန်တော်မျိုး၏ ဘ၀ကို အဘယ် နတ်သကြားတွေက ထိုင်ပြီး ကြည့်နေကြသလဲ...။အပြင်ထွက်စားဖို့ကြတော့လဲ ရတဲ့လခနဲ့ ဈေးနှုန်းနဲ့ အင်း အင်း ကောင်းပါလေစွ ကောင်းပါလေစွ...။ ဒီလိုဘ၀ကြီးကို နောက်ထပ်ဘယ်လောက်ကြာကြာ ဖြတ်သန်းရဦးမှာပါလိမ့်....။ ဒွတ်ခ ဒွတ်ခ ....။ အမေရဲ့ သားသမီးတွေကိုထားတဲ့ မေတ္တာနဲ့ ချက်ကျွေးတဲ့မိသားစု ထမင်းဝိုင်းလေးကို သတိရလိုက်တာ ...။ ကိုယ့်လိုပဲ အိမ်နဲ့ ဝေးနေပြီး အမေ့ရဲ့လက်ရာလေးတွေကို လွမ်းနေသူတွေ၊ မိန်းမရဲ့ လက်ရာကို လွမ်းနေသူတွေ၊ မြန်မာ ထမင်း၊ဟင်းကို လွမ်းနေတဲ့သူတွေအတွက် မြန်မာ ထမင်းနဲ့ ဟင်းကို တင်ထားပေးတယ်ဗျာ ...။ အ၀သာ စားကြပေတော့ အားမနာနဲ့နော် .... စားသာစား .....း) ။


သူငယ်ချင်း.........

အခုတလော စိတ်ညစ်နေတာရော ခန္ဓာကိုယ်ကြီး ပျက်စီးယိုယွင်းနေတာရော အင်တာနက်မကောင်းတာရော အားလုံးပေါင်းဆုံပြီး ဘာမှမလုပ်ဖြစ်.။ ကနေ့ညနေတော့ သူငယ်ချင်းတွေ စာမေးပွဲအောင်တာကို ဂုဏ်ပြုရင်းနဲ့ နည်းနည်းပျော်လာပြီး ထွေရာလေးပါးတွေ လျှောက်တွေးနေမိတယ်..။ သူငယ်ချင်းဆိုတာ ကောင်းတူဆိုးဖက် ခံရလည်းအတူတူ စံရလည်းအတူတူ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရင်း ဘ၀ကိုဖြတ်သန်းနေကြ...။ ကောင်းတာတွေ အတူတူလုပ်လိုက်၊ တခါတလေလည်း မကောင်းတာကို မကောင်းဘူးလို့ ပြောနေရင်းနဲ့ ကိုယ်တိုင်လည်း ကျူးလွန်မိခဲ့ .... ဘာပဲဖြစ်ဖြစ် သူငယ်ချင်းဆိုတာ ကျွန်တော့်တို့တွေအတွက်တော့ အမြဲတမ်းရှိနေသင့်တဲ့သူ..။ သူငယ်ချင်းတွေကြောင့် ဘ၀မှာ ပျော်ရွှင်ခြင်းတွေ ရှိသလို၊ စိတ်ညစ်မှုတွေလည်း ကြုံဆုံခဲ့ရ ...။ ပျော်ရွှင်မှုတွေ ကြည်နူးမှုတွေ စိတ်ဆိုးဒေါသထွက်ရခြင်းတွေ ခံစားချက်တွေအမျိုးမျိုး သူငယ်ချင်းတွေနဲ့တူတူ အချိန်တွေကို ဖြတ်သန်းခဲ့ကြ ....။ အခုလည်း ဖြတ်သန်းဆဲ .... နောက်လဲ ဖြတ်သန်းရဦးမယ်....။ ဟိုး...........ဘ၀ရဲ့ ငြိမ်းအေးမှုတွေ မရခင်အထိ....................။

ဘာကိုမှ ဆက်မရေးချင်တော့ဘူးဗျာ.........

ကောင်းလိုက်တဲ့လေဗျာ ရင်ထဲထိအောင် အေးသွားတာပဲ...။ အခုမှပဲ ခန္ဓာကိုယ်က အပူတွေကော စိတ်ထဲက အပူတွေကော လျှော့သွားသလိုပဲ။ ဒီမှာ ပူနေတာ ၂ ရက်လောက်ရှိနေပြီဗျာ။ ပူလိုက်အိုက်လိုက်တာ မပြောပါနဲ့တော့ ပူလွန်းလို့ အင်္ကျီချွတ် သဘက်ပတ်ပြီးနေ နေရတယ်။ အခန်းထဲကို ဖြည်းဖြည်းညှင်းညှင်း တိုက်လာတဲ့ လေနုအေးလေးကို ခပ်ပြင်းပြင်းလေး ရှုပြီး တကိုယ်လုံးကို လျှော့ချလိုက်တာ ပေါ့ပါးသွားလိုက်တာ။ ဒီလို တန်ဖိုးရှိလွန်းတဲ့ လေကို ကျေးဇူးတင်မိတယ်ဗျာ။ ကျွန်တော်တို့တွေ အသက်ရှင်နေထိုင်လို့ရအောင် ကမ္ဘာကြီးက လေတွေကို ပေါပေါများများ ဖန်ဆင်းပေးထားတာပါ။ သို့သော်လည်း..... သို့သော်လည်းပေါ့နော် အလကားရပါတယ်ဆိုပြီး ဒီလေတွေကို အားရပါးရရှု ပါးစပ်ကြီးတွေနဲ့ သူများပျက်ဆီးရာ ပျက်ဆီးကြောင်းတွေကို ဖောဖောသီသီ ပြောနေကြတဲ့ သူတွေကိုကြည့်ပြီးတော့ တခါတလေတော့လဲ စိတ်ထဲမကောင်းဘူးဗျာ။ ဘာလို့များ သူတပါးအကျိုးယုတ်စေမယ့် အကြောင်းအရာတွေကို တန်ဖိုးရှိတဲ့လေတွေနဲ့ ပြောဆိုနေကြတာလဲ စဉ်းစားလို့ကို မရဘူးဗျာ။ ကိုယ့်အတွက်လဲ အကျိုးမရှိ သူများအတွက်လဲ မကောင်းရာ မကောင်းကြောင်းတွေကို ဖြစ်သွားစေမဲ့ ကိစ္စတွေကို ဘာလို့ များ လေတွေအကုန်ခံပြီး ပြောချင်နေကြတာလဲ မသိပါဘူး။ လူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေကြတဲ့သူတွေချည်းပါပဲ။

ကျွန်တော် ဒီပို့စ်ကို ရေးနေတုန်း အမှတ်တမဲ့နဲ့ ကိုကလိုစေးထူးရဲ့ ဘလော့ကို ရောက်သွားပါတယ်။ ကိုစေးထူးရဲ့  ဒီပို့စ်လေးက ကော်မန့်ကိုဖတ်ပြီး ဘာကိုမှ ဆက်ရေးချင်စိတ်မရှိတော့ပါဘူးဗျာ။ စိတ်ထဲမှာ အရမ်းကို ခံစားသွားရပါတယ်။ ရင်ထဲမှာ တကယ်မကောင်းဘူးဗျာ။ ကျွန်တော် အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ စိတ်ညစ်သွားပြီဗျာ.................။

အစိမ်းရောင်တဲ့ဗျာ ...

ကိုစေတန်ဂေါ့ဆီမှာ တွေ့ လို့ စမ်းကြည့်မိတာပါ။ ကျွန်တော်က အစိမ်းရောင်ပါတဲ့...။ ၂ ၈၄၉ ၈၆၃ ယောက်ဖြေတာမှာ ၉၈၈ ၃၃၄ ယောက်က အစိမ်းရောင်ပါတဲ့။ ကျွန်တော်က အပြာရောင် ကို အကြိုက်ဆုံးပါ...။
ဝင်ပြီး စမ်းကြည့်ကြပါဦး..။





GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!




အတွေ့ အကြုံလေးတွေ ...

ဒီနေ့တော့ သူများဘလော့ဂ်တွေကို လိုက်ဖတ်ရင်းနဲ့ပဲ တနေကုန်တာပဲ...။ ကျွန်တော်လည်း လမ်းလျှောက်ကြည့်တာပါ လေထဲလမ်းလျှောက်ခြင်းပေါ့ဗျာ။ ဖတ်စရာရှိတာဖတ် မှတ်စရာရှိတာမှတ် လိုချင်တာလေးကူးပြီး ပြန်ရောက်တော့ မနက်က ထမင်းအကျန်လေးကို ကြက်ဥလေးကျော်ပြီး အားရပါးရလွေးလိုက်တာ ကောင်းလိုက်တာဗျာ။ဗိုက်ဆာနေလို့လား မသိဘူး စားကြပါဦးလားး)) ။ထမင်းစားပြီး ခံတွင်းလေးချဉ်လာလို့ ဆေးလိပ်သောက်မလို့ ဆေးလိပ်ဘူးလှမ်းယူလိုက်တာ တစ်လိပ်မှ မရှိတော့ဘူးဗျ။ ဟ ဘယ်လိုလဲပေါ့ မနက်ကမှ ဖောက်ထားတဲ့ဘူးသစ် ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး။ အဲဒါကြောင့် ကျွန်တော် ကွန်ပြူတာရှေ့ မထိုင်ချင်တာဗျာ။ တနေကုန်ထိုင်မိလို့ကတော့ ဆေးလိပ်က ၀ယ်မလောက်ပဲ။ ငယ်ငယ်ကတော့ သူများတွေပြောကြတယ် တစ်နေ့ကိုဆေးလိပ်၁ဗူးလောက် ကုန်တယ်ပေါ့ မဖြစ်နိုင်တာဗျာ ဒီလောက်ကြီးသောက်နိုင်ပမလားပေါ့။ အခုတော့ ကိုယ်တိုင်ကြုံနေရတယ်။ ကိုယ့်အဆုတ်လည်း ဘယ်လိုတွေ ဖြစ်နေပြီလဲတော့ မသိဘူး။အရင်ကတော့ ဆေးလိပ်ကို စီးကရက်ပေါ့ဗျာ ဒီလောက်မသောက်ဖြစ်ဘူးဗျ။ ကိုယ့်နိုင်ငံမှာက ဆေးပေါ့လိပ်ရှိတာကိုး သောက်ချင်တဲ့ အချိန်မှ မီးလေးညှိပြီးသောက်၊ မသောက်ချင်ရင် သတ်ထားလိုက် ဒီလောက်လည်းမသောက်ဖြစ်ဘူး။ စီးကရက်ဆိုတော့ မီးသတ်ထားလို့ကလဲမရ၊ ဘာလို့မရ ရမှာလဲလို့ မေးချင်ပါလိမ့်မယ်။ မရဘူးတော့ မဟုတ်ဘူးပေါ့ဗျာ ရပါတယ်။ ဒါပေမယ့် ပြန်မီးညှိပြီး သောက်ရင် အရသာမရှိတော့ဘူး။ ဆေးလိပ်သောက်တဲ့သူတွေ သိမှာပါ။ ဖက်ကြမ်းလဲ မဟုတ်တော့ မီးကလည်းမသတ်ထားချင်။ အဲဒီလိုနဲ့ သောက်လာလိုက်တာ ဆေးလိပ်တစ်ဘူးကို တစ်ရက်၊ တခါတလေ နှစ်ရက်ကို သုံးဘူးလောက်တောင် ဖြစ်သွားသေးတယ်။ ဒီမှာကလည်း ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို အကုန်လုံးက ဆေးလိပ်သောက်ကြတာဆိုတော့ ကိုယ်ပဲ ဆေးလိပ်မသောက်ရင် ခေတ်မမှီသလို၊ တကယ်ပါ ဒီမှာ မိန်းကလေးတွေ ၆၀ ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်ကြပါတယ်။ သူတို့ဆီမှာ ဆေးလိပ်တောင်းသောက်တာကလည်း ယဉ်ကျေးမှုလို ဖြစ်နေပါပြီ။ ကောင်မလေးချောချောလေးတွေ ကိုယ့်ကို ကြည့်နေပြီဆိုရင် ဘ၀င်လေဟပ်မသွားနဲ့ အဲဒါ ဆေးလိပ်တောင်းသောက်တော့ မလို့ဗျ။ ဒီ စရောက်ရောက်ချင်းတော့ မသိဘူး။ ကိုယ့်ကို ကောင်မလေးက ကြည့်နေပြီဆိုတော့ ကိုကိုကာလသားတို့ ထုံးစံအတိုင်း ဂိုက်ပေးတွေကြမ်း ဆေးလိပ်လေးဖွာပြလိုက်ဦးမယ်ဆိုပြီး ဆေးလိပ်လေးထုတ်မသောက်လိုက်နဲ့ လာပြီးတောင်းတော့တာ ခင်ဗျ။ အမယ် တခါတလေ သုံးလေးလိပ်တောင်းသွားတာ။ သူရို့  အကုန်လုံးစာအတွက် တစ်ယောက်တည်းက ဒိုင်ခံတောင်းတာပါ။ မပေးလို့ကလဲ မကောင်း အီလည်လည်ကြီးနဲ့ ပေးလိုက်ရတာ အမယ် အမယ် မရွှေချောတို့က ဆေးလိပ်လည်းတောင်းသောက်သေးတယ် ကိုယ်သောက်တဲ့ ဆေးလိပ် အမျိုးအစားညံ့ရင် နှာခေါင်းက ရှုံ့ ချင်ကြသေးတာ။ သူဌေးမှ မဟုတ်တာဗျာ အမြဲတမ်းကြီးတော့ ဆေးလိပ်အကောင်းစားကြီး ဘယ်သောက်နိုင်မလဲ။ ကလေးတွေကလည်း ဆေးလိပ်သောက်တာပဲဗျ။ ဒီမှာ ၂၁နှစ် မပြည့်သေးရင် ဆေးလိပ်ကို တရားဝင်ဝယ်လို့မရဘူး။ဒါပေမယ့် ကလေးတွေကလည်း ဘယ်ကဘယ်လိုရလာလဲတော့ မသိဘူး ခိုးပြီးသောက်နေကြတာပဲ။ လမ်းတွေ့ ရင် မီးခြစ်ကတောင်းသေးတာ။ မီးခြစ်ပေးလိုက်ပြီးရင် ကိုယ့်ကိုတောင် ပခုံးတွေဘာတွေပုတ်လို့ သူတို့ ယဉ်ကျေးမှုပေါ့ဗျာ။ စိတ်ထဲတော့ မခံချိ မခံသာပေါ့ဗျာ... ဘာလဲဟ ကြည့်တော့ကလေးရှိသေး ငါ့ကိုလာပြီး ပခုံးကပုတ်သေးတာ ဆိုပြီး ဒေါသလည်း ထွက်ရသေးတာ။တစ်ခါလည်း ကလေးတစ်ယောက်ကို မီးခြစ်ပေးလိုက်တာ အပြောခံလိုက်ရတာဗျာ ဖြစ်ပုံက ကျောင်းကအပြန်လမ်းမှာ ၁၀ နှစ် ၁၁ လောက်ပဲရှိလောက်မယ်ထင်တယ် အဲဒီကလေးက မီးခြစ်လာတောင်းတာ သိတဲ့အတိုင်း ကိုယ်ရွှေမြန်မာတို့ ထုံးစံအတိုင်း ကူညီချင်တာကိုး။ ပေးနေတုန်းရှိသေး ဘေးကဖြတ်သွားတဲ့ ဦးလေးကြီးတစ်ယောက်က ၀င်ပြီးပြောသွားတာ ကလေးကို ဖျက်ဆီးနေတာလား မင်းဒါလောက်လေးတောင် အသိဥာဏ်မရှိဘူးလား ဘာလား ညာလားနဲ့ ရစရာကိုမရှိဘူး။ ကိုယ်က မှားနေတာဆိုတော့လဲ ပြန်ပြောလို့ကမကောင်း ကျောင်းဆင်းချိန်ဆိုတော့ လူတွေကလည်း အများကြီး၊ တခြားနိုင်ငံက ကိုယ့်လိုပဲ ကျောင်းလာတတ်တဲ့ကောင်မလေးတွေကလည်း အများကြီး ရှက်လိုက်တာဗျာ။ လူကြားသူကြားထဲ အပြောခံရတာ ဒါပထမဆုံးပါပဲ။ ထူပူပြီးတော့ချက်ချင်းကို ထွက်ပြေးချင်စိတ်ကိုပေါက်သွားတာပဲ။ ကိုယ်ရွှေကိုယ်တော်လေးကတော့ ကော့ကော့ ကော့ကော့နဲ့ ထွက်သွားတာ သူနဲ့ မဆိုင်တဲ့အတိုင်းပဲ။ နောက်များဆိုရင်တော့ ဘယ်တော့မှကလေးတွေကို မီးခြစ်မပေးတော့ပါဘူးဗျာ။ တစ်ခါတည်းနဲ့ကို မှတ်သွားတာပဲ။ ရယ်စရာပြောရဦးမယ် ဒီကိုစရောက်ရောက်ချင်း ဆေးလိပ်ဝယ်တော့ ဆိုင်က ဘွားတော်က ပတ်စပို့တောင်းကြည့်တယ်ခင်ဗျ။ ဘာလဲပေါ့ ဆေးလိပ်ဝယ်တာ ပတ်စပို့နဲ့ ဘာဆိုင်လို့လဲပေါ့ မေးကြည့်တော့ အသက်မပြည့်သေးရင် ဆေးလိပ်မရောင်းပါဘူးတဲ့။ ဟုတ်ပါတယ် သူတို့နဲ့ ယှဉ်ရင် ကိုယ်က ကလေးလိုဖြစ်နေတာကိုး နည်းတဲ့ကောင်ကြီးတွေမှ မဟုတ်တာ။ ကိုယ့်ကို ကလေးလို့ထင်ရင်လဲ ထင်ချင်စရာကိုး။ ပတ်စပို့ ပြပြီးမှ ဆေးလိပ်ဝယ်လို့ရတာခင်ဗျ။ ကိုယ့်ထက် လူကောင်သေးတဲ့သူဆိုရင် ပတ်စပို့ပြတာတောင် ရောင်းချင်တာ မဟုတ်ဘူး။ အဲဒီလို အဲဒီလိုတွေ ကြုံရသေးတာ။ ဆေးလိပ်သောက်တာတော့ မကောင်းပါဘူးဗျာ။ ဖြတ်နိုင်အောင်တော့ ကြိုးစားပါဦးမယ်။ ဖြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေတာပါပဲ။ ဆေးလိပ်ဆိုတာကလဲ တခါတလေကျတော့ ကောင်းသွားပြန်ရော ဘာလို့လဲ သိချင်ရင် သီချင်းလေးတစ်ပုဒ်ဖွင့်ပြမယ်။ ရင်ဂိုဆိုထားတဲ့ သီချင်းလေးပါ ဆက်သောက် တဲ့....။ ကြေကွဲလိုက်ဦးမယ်ဗျာ...............။

ဆက်သောက်_ရင်ဂို

ဒီသီချင်းလေးကို Upload တင်တာ ၄၅ မိနစ်လောက်ကြာတယ်...။ ကောင်းလိုက်တဲ့ ကွန်နက်ရှင်ဗျာ စိတ်ကိုညစ်သွားတာပဲ.............။

Cute Toilet

အိမ်သာဆိုတာ အိမ်ကို သာယာစေအောင် လုပ်ပေးပါတယ်လို့တော့ ဖတ်ဘူးတာပဲ။ အိမ်သာကို ငွေကုန်ကြေးကြခံပြီး ပြင်ဆင်ထားလိုက်ကြတာ။ ကျွန်တော်တို့ နိုင်ငံမှာရော ဒီလို အိမ်သာမျိုးတွေ တွေ့ မိကြသလားဗျို့။တတ်နိုင်တဲ့ သူတွေများကြတော့လည်းနော်။တအားကို အသန့်အပြန့်ဦးစားပေးတဲ့ သူတွေပါလားနော်။







ဟိုက တက်လိုက် ဒီကတက်လိုက် ဖြစ်နေကြတဲ့ အချိန်မှာ ကျွန်တော့်ဆီမှာလဲ တတ်သွားကြပါဦး...း)) ။ တတ်ခ
ကတော့ ဈေးကြီးတယ်နော် တစ်ခါတတ် ဘီယာ တစ်ပါကင် ဟဲ..ဟဲ..။ အဆင့်မြင့်မြင့် လေထဲက အိမ်သာ ဟတ် ဟတ် ဟတ် ....။

ရင်ဘတ်ထဲမှာ

စေတနာအတု
ပျားရည်ပါးပါး
အဆိပ်သင့်အပြုံးတွေနဲ့
ကျေးဇူးပြုပြီး ငါ့ကိုမပြုံးပြပါနဲ့။

ရင်ဘတ်ထဲက လာတဲ့
ပေါက်တတ်ကရတွေ
ငါ့ကိုပြောပါ။

အဲဒီ ပေါက်တတ်ကရတွေကို
ဟောဒီ လူတကာနင်းဖြတ်နေကြ
ငါ့ရင်ဘတ်ထဲမှာ အမှတ်တရအဖြစ်<