“နှင်းနဲ့တူသော နှင်း”

နှင်းနဲ့တူသောနှင်း

ငါ့နံနက်ခင်းတိုင်းကို

အပြုံးတွေနဲ့ ကမ်းလင့်သူ

အေးမြမှုတွေနဲ့

အပူအပင်ကင်းစေသူ

ဖြူစင်မှုတွေနဲ့

ငါ့စိတ်ကိုကြည်လင်စေသူ

ဒါပေမယ့်နှင်းရေ ...

မင်းကိုဆုပ်ကိုင် ကစားတိုင်း

အေးစက်မှုတွေဟာ

ငါ့လက်ကတဆင့်

နှလုံးသားထိကူးစက်

တကယ်တော့ငါဟာ

နှင်းကိုက်ဒဏ်ရာနဲ့သူပါကွယ် ... ။ ။

လွမ်းလုင်

ကျွန်တော့်သူငယ်ချင်း ကဗျာဆရာ လွမ်းလုင်ရဲ့ကဗျာလေးတွေကို ခံစားကြည့်ပါဦးဗျာ။ သူရဲ့ကဗျာလေးတွေကို နောင်မှာလည်း တင်ပေးသွားပါမယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။

7 comments:

သဇင်ဏီ said...

နှင်းကိုသွားကစားတာကိုး..
နှင်းကိုက်ဒဏ်ရာရတော့မှာပေါ့... ဟဲ..ဟဲ..
နောက်တာ... nice poem

နှင်းဆီနီနီ said...

ဆားချက်တာလား ကွယ်ရို့။
ဒီလောက်တောင် နှင်းတွေထူးနေပြီလား။
ဖတ်လို့ကောင်းတယ်နော်။
နောင်ထပ် လဲ မှော်နေမယ်။

chaos said...

မင်းကိုဆုပ်ကိုင် ကစားတိုင်း
အေးစက်မှုတွေဟာ
ငါ့လက်ကတဆင့်
နှလုံးသားထိကူးစက်
တကယ်တော့ငါဟာ
နှင်းကိုက် ဒဏ်ရာနဲ့သူပါကွယ်…..


အင်းးးးးးးးးးးးးးးးးးး
နှင်းကိုက်ဒဏ်ရာက
အချစ်နာနဲ့ သဘောတရားချင်းတူမလားဘဲနော်

Anonymous said...

နာမည်ကိုက လွမ်းလုင် ဆိုမှတော့ လွမ်းနေရတော့မှာပဲ။ နှင်းက ကိုက်တတ်တယ်တဲ့လား၊ ဟီးဟီး သိုးလေးတော့ တစ်ခါမှ မတွေ့ဖူးလို့။ ကဗျာလေး ကြိုက်တယ်။ နောင်လည်း အားပေးမှာပါ။

Layma said...

နှင်းကိုက်ခံရတယ်ဆိုတဲ့ တင်စားပုံလေး လှလိုက်တာ..။

နှင်းပွင့်ဖြူလေး said...

နှင်း က ကိုက်တာ လား..
နာတော့ ကြားဘူးပါဘူးအေ..
ငါလည်း တစ်ခါမှ မကြိုက်ဘူးဝူး..
စိတ်ဆိုးတဲ့ အချိန်တို့
အသည်းယားတဲ့ အချိန်တို့တော့ ကိုက်တယ်..
ဟတ်ဟတ်..
ကောင်းတယ်ဗျား
ကဗျာလေးက
း)

lapyae said...

နှင်းဆိုမှတော့နှင်းနဲ့တူမှာပေါ့နော်...ဟဲဟဲ..
ကဗျာလေးကိုကြိုက်ပါတယ်။