ကဗျာမဟုတ်တဲ့ ငါ

ရင်ဘတ်ထဲက ချုပ်ရိုးတွေအကြောင်း
ရိုးရိုးလေးချရေးလိုက် ကဗျာတစ်ပုဒ်တဲ့
အဲဒီချုပ်ရိုးတွေပဲ ဖြည်ချရလွန်းလို့
ကဗျာတွေတောင် သွေးစက်လက်နဲ့
ဒီလိုဒဏ်ရာတွေနဲ့ ငါကိုယ်တိုင်လ
အလဲလဲ အကွဲကွဲ
ကဗျာဆိုတာ အလိုလိုထွက်လာတဲ့
နှလုံးသားရဲ့ သွေးစက်တွေ
ရင်ဘတ်ကြီးလဲ ပေါက်ကွဲထွက်
နှလုံးသားလဲ စုတ်ပြတ်သတ်
ငါက ကဗျာတွေရေးတယ
ကဗျာက ငါ့ကိုရေးတယ်
ကဗျာနဲ့ငါနဲ့၊ ငါနဲ့ကဗျာနဲ့
ငါနဲ့ ငါကိုယ်တိုင်ပဲ
လုံးထွေးသတ်ပုတ်
ရေမျောကမ်းတင် ငါက
ကဗျာတွေကို ဆုပ်ကိုင်မိတာလား
ကဗျာတွေကပဲ ဖမ်းဆွဲတာလား
မသေချာဘူး
ရေရေရာရာမရှိတဲ့ ငါ
ကဗျာမြစ်ထဲ ကူးခတ်
ကဗျာတွေက ကောင်းကင်ပေါ်ပျံတက
သည်လိုနဲ့ပဲ အိမ်မက်တွေအခါခါမက်
နောက်ဆုံး ...
ငါကိုယ်တိုင်လဲ သွေးစက်လက် ...။ ။

6 comments:

Hay Mar said...

You get bleeding, because u fight with many kinds of animals in your previous post. Right?

တင့်ထူးရွှေ said...

အားပါးပါး နယ်ရေ
အမြည်းလေးဖတ်တာနဲ့တင် စိတ်ဝင်စားနေတာ ၊ ခုတေ့်...

လေးမ said...

ကိုယ်ဖြစ်နေတာတွေ....ခံစားနေရတာတွေ ... ကြုံတွေ့  နေရတာတွေ ကို သိသိသာသာကြီးမဟုတ်ဘဲ ဖွင့်အန်ချင်တဲ့ အခါ ကဗျာတွေ က အကောင်းဆုံးပဲ... လို့ သူငယ်ချင်းတယောက်က ပြောခဲ့ဖူးတယ်...။ ကဗျာက “ငါ” ဆိုပေမယ့် “ ငါ” က ကဗျာမဟုတ်ပြန်ဘူး...။

hninhnin said...

Bro!!! carry on...
I'm encouraging you!

မျှားပြာ said...

မဟေမာရေ animals ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလိမ့် ..
ဘာပဲဖြစ်ဖြစ် အဆင်ပြေပါစေဗျာ။
နယ်ရေ ခုတော့ ....
အစ်မလေးမ သေချာတာတော့ ကဗျာက ကဗျာပါပဲဗျာ
နှင်းနှင်းရေ ကျေးဇူးပါဗျာ ။

Angel said...

I think nimals mean "ကမ္ဘာဦးအစက ဒိုင်နိုဆောတို့ ကင်းကောင်တို့နဲ့ ပြိုင်သတ်ရမလား အကုန်လုံး ခါးကချိုးပြီးကိုင်ပေါက်ပြစ်မယ်
တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ"