သိမ်မွေ့ နေစေသော ....

မိုးရွာလို့ လမ်းလျှောက်တိုင်းသာ
ကဗျာတွေ ကောက်ရမယ်ဆိုရင်
မင်းကိုတောင် ချစ်ဖြစ်ခဲ့မှာ မဟုတ်ဘူး။

ကိုယ် ကိုယ်တိုင်တောင်
ခဏ ခဏပြန်ရှာနေရတဲ့ ငါ့အိမ်မက်တွေ
ဘယ်သူမှ မတွေ့ တာ အဆန်းမှ မဟုတ်ပဲ။

ဟိုးအရှေ့ဆီမှာ ရောင်နီတွေလင်းလို့
ငါ့ရဲ့ မနက်ခင်းတွေကတော့ နှင်းမြူတွေနဲ့
အေးစက်မှောင်မည်းနေပြီ။

မနက်ခင်းရဲ့ နုပျိုမှုတွေမှာ
ခပ်ညစ်ညစ် မရေရာမှုတွေနဲ့
ငါ့ဘ၀ကို အဆုံးစီရင်ရမှာလား။

တစုံတရာဟာ ငါ့ရင်ဘတ်ထဲမှာ ရှိနေသရွေ့ တော့
မင်း မာယာတွေအောက်က
ငါ့ကို ရုန်းထွက်ခွင့်ပေးပါ ချစ်သူ ....... ။

1 comments:

star_oneiro_sea said...

br yay tar mite tal
poem yay tar po taw lar ta lo bal
:)